/* Kp3bloglist Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

မိမိကြိုက်နှစ်သက်ရာ ဆိုဒ် နောက်ခံ အရောင်ပြောင်းပြီးကြည့်နိုင်ပါတယ်

နည်းပညာ

Folder တွေကိုအရောင်လေးတွေပြောင်းမယ်

မိမိကွန်ပျူတာလေးမှာ folderလေးတွေကဒီအတိုင်းထားတော့သိပ်ပြီး ဆွဲဆောင်မူမရှိသလိုပဲ အရောင်လေးတွေနဲ့ဆိုတော့ ပိုမလှဘူးလား။ ဟီး..........။ ကြိုက်ရင်တော့ ဆွဲလိုက်ပေါ့နော်
ဒီမှာယူလိုက်နော်

download ဆွဲပြီးရင် folder တစ်ခုခုကို right click နှိပ်လိုက် FolderHighlight ဆိုတာလေးတွေ့ပါလိမ့်မယ် အဲ့ဒီစာရဲ့ဘေးမှာ အရောင်လေးတွေရှိတယ်နော် ကိုယ်ကြိုက်တဲ့အရောင်လေးရွေးလိုက်ပေါ့ အဲ့ဒါဆို ရပြီနော်။folder ကအရောင်လေးနဲ့ဖြစ်သွားလိမ့်မယ်။ ပိုလှပြီး ဆွဲဆောင်မူရှိသွားတာပေါ့ ။
                                                                    

မိမိပုံကိုထိလိုက်လာနဲ့ ရေလှိုင်းလို့ဖြစ်အောင်လုပ်တဲ့နည်းလေး



မိမိပုံကိုထိလိုက်လာနဲ့ ရေလှိုင်းလို့ဖြစ်အောင်လုပ်တဲ့နည်းလေးပါ။
လုပ်နည်းလေးကတော့လွယ်ကူပါတယ်။
အားလုံးကြိုက်မယ်လို့မျှော်လင့်မိပါတယ်။
ဒီလိုပုံလေးပေါ့

Open ဆိုတာကိုနှိပ်လိုက်ပါ။မိမိ ကွန်ပျူတာကရှိတဲ့ပုံကို ကြိုက်တာယူလို့ရပါတယ်။
ကြိုက်ပြီးဆိုနဲ့ထည့်လိုက်ပါ။ခဏတော့စောင့်ပါ။
ကဲမိမိပုံပေါ်လာပြီးဆိုရင်း Get Code ကိုနှိပ်လိုက်ပါ။
Code ပေါ်လာပြီးဆိုရင်း ကော်ပီယူပြီး မိမိအိမ်မှာထည့်လို့ရပါပြီး။HTML ကိုနှိပ်ပြီးမှထည့်ပါနော်။

                            ဘလော့မိတ်ဆွေတွေအတွက်။အောက်မှာဘလော့အခမဲ့ဘလော့Tamplateဆိုက်ဒ်တွေပေးထားပါတယ်။
ဘလော့မိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်


btemplates
bloggerstyles
bietemplates
99bloggertemplates
blogspottemplates
blogcrowds
probloggertemplates
blogger-templates.bloggerstop.net
zoomtemplate
template-godown
bloggertemplatesblog
bloggertemplateblog
theblogtemplates
bloggerthemes
oasisv
dantearaujo
bloggertemplatesfree
newbloggertemplates
freebloggertemplates
anshuldudeja
bloggertemplates
cahayabiru
beautifultemplates
bloggertemplateplace
skincorner
ipietoon
blogtemplate4u
templatesblock
bloggerblogtemplates
themecraft.net
freebloggertemplate
templatesblogger
falconhive
bloggertemplatesgenie
btheme
deluxetemplates
blogspot-templates
allblogtools 

ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် 

                                                                                                                                                                                                                                                                                                                                            Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း


 ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..
အရင်ဆုံး Photoshop ရဲ့ File ကနေ New .. အဲဒီကနေ Photo စာရွက်တခုကို စယူပါမယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ပုံမှာတော့ စာရွက်ဖြူကို အရောင်တင်မှာဖြစ်တဲ့အတွက် ပုံလေးတွေကြည့်ပြီး အဆင့်ဆင့်နှိပ်သွား ပေးလိုက်ပါ..


အောက်ပုံအတိုင်း 3 နေရာက Simple ကိုကလစ်လိုက်ပါ..



အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်.. ဆေးရောင်ခြယ်ထားတဲ့ အကွက်လေးတွေ ပြောင်းသွားတာကို အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပြီးရင်တော့ အောက်ပုံက အနီဝိုင်းထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် အရောင်တခုကို ကလစ်လိုက်ပါ..


ပြီးရင်တော့ အောက်ပုံအတိုင်း မောက်စ်မျှားဖြင့် ဖိဆွဲပါ..။


ဒါဆိုရင် နေထိုးနေတဲ့ ဒီဇိုင်းလေး စာရွက်တရွက်ရလာပါပြီ... အောက်ကပုံမှာတော့ စာစရေးပါတော့မယ်..။ ဒါကြောင့် နံပါတ်စဉ်တိုင်းနှိပ်သွားပြီး စာလုံးအရောင်ရွေး... စာရေးပါ..



စာလုံးအရောင်နဲ့ စာရေးတာကို အောက်ပုံမှာ ဆက်ကြည့်ပါ..



စာလုံတွေကို  စိတ်ကြိုက်ပုံဖေါ်ဖို့ ဆိုရင်တော့ Type ကိုပြောင်းပေးရပါတယ်.. လုပ်နည်းကို အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..


Type ကိုနှိပ်ပြီးရင်တော့ အောက်ပုံအတိုင်း စာလုံးကို စိတ်ကြိုက်ပြောင်းလို့ ရပါပြီ..



အပေါ်ပုံအတိုင်း ပြီးရင်တော့ စာလုံးကသိပ်မလှသေးပါဘူး.. ဒါကြောင့် အောက်ပုံမှာပြထားတဲ့ အတိုင်း သွားလိုက်ပါ..


Inner Glow ရဲ့ ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း ပြောင်းလဲပေးလိုက်ပါ..။ ဒီနေရာမှာ ဒီပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး..။ မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် စတိုင်လေးတွေကို ပြောင်းလဲ ရင်လည်း ရပါတယ်..။ စိတ်ကြိုက်လုပ်ပါ.. ပြီးရင်တော့ OK နှိပ်လိုက်ပါ..


အောက်ကပုံမှာတော့ လေယာတခုပွါး လိုက်ပါ.. Ctrl+Alt+Down Arrow နဲ့ လေယာပွါးပါမယ်.. ရှော့ကပ် ကီးကိုနှိပ်လိုက်ရင်တော့ အောက်ပုံအတိုင်း Lwinminbo Copy လေယာ တခုထွက်လာပါပြီ..

 
အောက်ကပုံကတော့ Copy ထွက်လာတဲ့ လေယာကို ပြောင်းပြန်လှန်ချမှာ ဖြစ်ပါတယ်.. ဆက်ကြည့်လိုက်ပါ..



အပေါ်ပုံအတိုင်းပြီးရင်တော့ အောက်ကပုံမှာ လေယာကွက်ထဲက စောစောန အောက်ဆွဲလှန်လိုက်တဲ့ လေယာနဲ့ သက်ဆိုင်တဲ့ Opacity မှာ အနည်းငယ်လျှော့ပေးပါ.... အောက်ရောက်နေတဲ့ စာသားရဲ့ အရောင်ကို လျှော့ပေးမှာဖြစ်ပါတယ်..


Fill မှာလည်း မိမိတို့ မျက်လုံးနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားထိ လျှော့ပေးပါ..



ပြီးရင်တော့ အောက်ပုံမှာ နောက်ထပ်စာတကြောင်း ထပ်ရိုက်ပါမယ်.. ဆက်ကြည့်လိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..





အပေါ်ပုံအတိုင်း စိတ်ကြိုက်ရေးပြီးရင်တော့ Layer ကနေ Type ကိုကလစ်ပေးပါ.. အောက်ပုံ


ပြီးရင်တော့ Design စာလုံးကို အနားကွပ်လေး ထည့်မှာဖြစ်တဲ့အတွက် .. အောက်ပုံအတိုင်းဆက် နှိပ်သွားလိုက်ပါ..


Stoke ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း အရောင်ရွေးပေးပါ.. ပြီးရင် Ok နှိပ်ပါ..


အောက်ပုံအတိုင်း Design စာလုံးမှာ ဘောင်ကွပ်ပြီးသားမြင်ရပါပြီ...


ဒီနေရာမှာ တခုကျန်ခဲ့ပါတယ်.. ဘာလဲဆိုတော့ အပေါ်မှာ Lwinminbo Layer နဲ့ Lwinminb Copy Layer နှစ်ခုကို အပေါ်အောက်ညီအောင် ကြည့်ကောင်းအောင် ညှိပေးဖို့ပါ..။ ဒါကြောင့် အဲဒီအဆင့်ကို ဒီနေရာမှာ ပြန်လုပ်ပါမယ်.. Layer ဘောက်စ်ထဲက Lwinminbo Copy လေယာကို တချက်ကလစ်ပါတယ်..


လေယာကို ကလစ်ပြီးရင် အောက်ပုံအတိုင်း ဆက်နှိပ်သွားပါ..



အပေါ်ပုံအတိုင်း ညီအောင်ညှိပြီးရင်တော့ Enter တချက်ခေါက်ပေးပါ.. ဒါဆိုအောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..


စာလုံး ဒီဇိုင်း လုပ်တာပြီးဆုံးသွားပါပြီ.. အောက်ကပုံကတော့ ကျနော့် စိတ်ကြိုက် ပုံလေးတွေကို ဖြတ်ထည့် ထားတာပါ.. ဓါတ်ပုံ ဖြတ်ကပ်လုပ်တာကိုတော့ နောက်တင်တဲ့ ပိုစ့်မှာ ဆက်ကြည့်ကြပါဗျာ..

အောက်ကအဆင့်တွေကတော့ လေယာတွေ ပေါင်းပြီး သိမ်းတာပါ..။ မသိသေးတဲ့သူများကတော့ ဓါတ်ပုံဆိုဒ်နဲ့ သိမ်းတာကို ဆက်ကြည့်ပေးပါ..။ A,B နေ၇ာတွေကနေ လေယာတွေကို ပေါင်းပါမယ်..





ဒီပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားပြီးရင်တော့ မိမိတို့ ပြုလုပ်လိုက်တဲ့ ပုံလေးဟာ Desktop မှာရောက်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

                                                                                                                                                                                                                                                          Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း


ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့ ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့ ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။ ကဲစလိုက်ရအောင်

အဆင့်(၁)...
အရင်ဆုံး မိမိတို့ရဲ့ ပုံတပုံကို အောက်မှာပြထားတဲ့ ပုံလေးအတိုင်းယူလိုက်ပါ..။ ဒီပုံလေးတွေမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်နဲ့ အဆင့်လေးတွေကို မိမိတို့ နားလည်သလို စာအုပ်လေးနဲ့ လိုက်ရေး မှတ်လိုက်ရင် ပိုပြီအတတ်မြန်မယ်လို့ ထင်ပါတယ်..။


အဆင့်(၂)...
ဒီအဆင့်မှာတော့ မိမိတို့ ပြုလုပ်မယ့်ပုံလေးကို Crop Tool (C) လေးနဲ့ ဖြတ်မှာဖြစ်တဲ့အတွက် အဲဒီတူးလေးကို ကလစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားသလို 2,3,4 အကွက်တွေမှာ နံပါတ်တွေ ရိုက်ထည့်ပေးပါ..။ (2, မှာ 1.5 in) - (3, မှာ 2 in) - (4, မှာ 300) လို့ရိုက်ထည့်လိုက်ပါ..။ inch ဆိုတာက လက်မကိုပြောတာပါ..။ အားလုံးပြင်ဆင်ပြီးရင်တော့ နောက်တဆင့်မှာ ပုံကိုဖြတ်ပါမယ်..။


အဆင့်(၃)...
ဒီအဆင့်မှာ ပုံကိုဖြတ်တဲ့အခါ မိမိတို့ စိတ်ကြိုက် လိုတဲ့နေရာလေးကိုပဲ ကွက်ဖြတ်လို့ ရပါတယ်..။ ပုံကိုကြီးကြီးပဲဖြတ်ဖြတ်၊ သေးသေးပဲဖြတ်ဖြတ် ရလာတဲ့ပုံကတော့ အပေါ်မှာ ကွန်မန်းပေးပြီး နံပါတ်တွေ ရိုက်ထည့်လိုက်တဲ့အတိုင်း တစ်လက်မခွဲ၊ နှစ်လက်မဆိုဒ်ပဲ ထွက်လာမှာပါ..။ ဒါကြောင့် ပုံကို ကြည့်ကောင်းအောင် ဖြတ်တတ်ဖို့ လိုပါတယ်..။ ဘေးနှစ်ဘက်နဲ့ အပေါ်အောက် ကြည့်ကောင်းအောင် သေချာချိန်ဖြတ်ပါ..။ ဖြတ်ပြီးရင်တော့ 2 နေရာက အမှန်ခြစ်ကို ကလစ်ပေးလိုက်ပါ..။


မိမိတို့ဖြတ်လိုက်တဲ့ပုံဟာ ဒီအောက်ကပုံလေးအတိုင်း ရလာပါပြီ..။ ရလာတဲ့ပုံကို နောက်ဆင့်မှာ ပြုပြင်ပြီး အရင်သိမ်းရပါမယ်..။ နောက်တဆင့်မှာ ဆက်ကြည့်လိုက်ပါ..။


အဆင့်(၄)...
ဒီအဆင့်ကတော့ ပုံကိုဘေးသားလေးတွေမှာ အဖြူဘောင်လေးထွက်လာအောင်၊ ဘောင်ကွတ်ပေးရပါမယ်.။  
ဒါကြောင့် ပုံမှာပြထားတဲ့အတိုင်း မီနူးဘာတန်းက Select နှင့် All ကို တချက်ချင်းစီ ကလစ်ပါ..။ အဲလိုကလစ်ပြီးရင်တော့ ပုံရဲ့ဘေးဘောင်လေးတွေမှာ ပုရွက်ဆိတ်လေးတွေ ပြေးနေသလို.. ကြိုးတန်းလေးပြေးနေပါလိမ့်မယ်..။ 


အဆင့်(၅)... 
အပေါ်ကအတိုင်းပြီးရင်တော့ ဒီအဆင့်မှာ ပုံရဲ့ဘေးပါတ်လည်မှာ အဖြူကြောင်းလေး ထည့်မှာပါ..။ ဒါကြောင့် မီနူးဘားတန်းက Edit ကိုကလစ်လိုက်ပါ..။ ပုံမှာပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်းနှိပ်သွားလိုက်ပါ..။ ဒီနေရာမှာ တခုချင်းစီလိုက်ရေးပြနေရင် ရှုပ်သွားနိုင်ပါတယ်.။ ဒါကြောင့် ပုံလေးတွေကိုကြည့်ပြီး လုပ်သွားလိုက်ပါဗျာ..


အဆင့်(၆)...
အောက်ကပုံအတိုင်း ပုံရဲ့ဘေးမှာ အဖြူကြောင်းလေး ထွက်လာပြီဆိုရင် အဲဒီပြင်ဆင်ပြီးသားပုံလေးကို Define Pattern ထဲမှာ သွာသိမ်းလိုက်ပါ..။ အဲလိုသိမ်းနည်းလေးကိုတော့ အောက်ကပုံလေးမှာ နံပါတ်လေးတွေနဲ့ ပြထားပါတယ်..။ နံပါတ်စဉ်တိုင်း နှိပ်သွားပေးလိုက်ပါ..။


အဆင့်(၇)...
အပေါ်ကအတိုင်း ပုံကိုသိမ်းပြီး သွားရင်တော့ အောက်ကပုံမှာပြထားတဲ့ အတိုင်း width-6 , height-4 , နဲ့ Resolution-300 ကို အောက်ပုံရဲ့ 3 နေရာတွေမှာ ရိုက်ထည့်ပေးပါ..။ 4 နေရာကတော့ အားလုံး Inches ဖြစ်နေရပါမယ်..။ ပြီးရင်တော့ OK နှိပ်ပါ..။


အောက်ကပုံအတိုင်း အမိန့်ပေးထားတဲ့ စာရွက်အဖြူတရွက် ရလာပါပြီ..။ အဲဒီစာရွက်ပေါ်မှာ စောစောန ကျနော်သိမ်းလိုက်တဲ့ ပုံကို သွားပြန်ယူပြီး ထည့်မှာ ဖြစ်ပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်လိုက်ပါဗျာ..။


အဆင့်(၈)...
ဒီအဆင့်မှာတော့ ကျနော်သိမ်းလိုက်တဲ့ ပုံကို သွားပြန်ယူမှာဖြစ်တဲ့အတွက် မီနူးဘားတန်းက Edit ကိုအရင် ကလစ်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်းသွားပြီး နံပါတ်စဉ်တိုင်း လိုက်ကြည့်သွားပေးပါ..။ မိမိတို့ သိမ်းတဲ့ပုံကို ရှာမတွေမှာ စိုးလို့ အဆင့်ချင်းစီ သေချာကြည့်ပေးပါ..။


အပေါ်ပုံအတိုင်း အားလုံးပြီးသွားရင်တော့ ဒီအောက်မှာ ပြထားတဲ့အတိုင်း ပါတ်စပို့ပုံ ရှစ်ပုံ ထွက်လာပါပြီ..။  နောက်အဆင့်တွေကတော့ ထွက်လာတဲ့ပုံကို Desktop မှာသိမ်းတာဖြစ်လို့ သိပ်မခက်တော့ ပါဘူး..။ 


အောက်ပုံမှာ Desktop, နာမည်နဲ့ JPEG ပြောင်းပေးပြီ Save ကိုနှိပ်လိုက်ပါ..။



အောက်မှာတော့ ကျနော်လုပ်ထားတဲ့ ပုံလေးတွေကို ပြပေးလိုက်ပါတယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ...



မြန်မာ ဆိုဒ်များမှ admin များအတွက် သတိပေးချက်...

မြန်မာနှင့်ဘင်္ဂလားဒေ့ရေပိုင်နက်အရေးကိုအကုန်သိရှိကြမှာပါ..မြန်မာဘက်က ပေးလိုက်ရပါတယ်..ကျနော်တို့မြေအကျူး.ကျော်ခံတာဘယ်မြန်မာနိင်ငံသားမှမခံပါဘူး...ဒါကြောင့် မြန်မာ hacker များစုပေါင်းပြီး...ဘင်္ဂလားဒေ့ ဆိုဒ်များကို hackပြီး တုံ့ ပြန်ခဲ့ပါတယ်... ဒီအကြောင်းတွေကို အစုံအလင်သိချင်ရင် MHF http://mmhackforums.noonhost.com/operation-bangledesh-vf40.html မှာကြည့်ရူနိင်ပါတယ်....ဆိုဒ်တော်တော်များများ ကို hack နိင်ခဲ့ပါတယ်...
ဒီအထဲက တစ်ခုကိုကြည့်ကြည့်ပါ... http://falahiamadrasah.edu.bd/ BD Operation ကိုကျနော်တို့ ရုပ်သိမ်း
မည့်အချိန်တွင်..ဘင်္ဂလားဒေ့ ဘက်မှ တုန့်ပြန်မူတွေထွက်ပေါ်လာပါတယ်... http://myanmarhost.com/ ကို hack သွားပါတယ်... ဒါကြောင့် BD Operation ကိုပြန်လည်အသက်သွင်းပါပြီ...ဆိုဒ်အသီးသီးမှ admin များအနေဖြင့် ဘင်္ဂလားဒေ့ ဘက်မှ တုံ့ ပြန်မူတွေဆက်လက်ရှိလာပါပြီ ။

ဒါကြောင့် မိမိ ဆိုဒ်များအား...Security... အမြင့်ဆုံးထားကြပါရန် တိုက်တွန်းအပ်ပါတယ်...
မြန်မာပြည်တွင်းပြည်ပမှာ ရှိတဲ့ hacking လောကကနှုတ်ထွက်သွားကြတဲ့ အနားယူသွားကြတဲ့ မြန်မာပညာရှင်အပေါင်းကိုလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည် ။ မြန်မာပြည် အရေး ဖြစ်သည့် အတွက်ကြောင့် ကျွန်တော်တို့နှင့် အတူတကွပူးပေါင်း ပါဝင်ဆင်နွှဲကြလိမ့်မည်ဟုလည်း ယုံကြည်ပါသည်....  ဒီ post လေးကို ဆိုဒ်အသီးသီးမှာ ပြန်လည် မျှဝေပေးစေချင်ပါတယ်...ကျနော်တို့မြန်မာတွေအားလုံးစည်းလုံးဖို့အချိန်ကျရောက်လာပါပြီ..ေ၇ပိုင်နက်အရေးမှာကျနော်တို့မစွမ်းသာပေမယ့်...cyber war ...မှာကျနော်တို့ မြန်မာတွေ အောင်ပွဲခံကြတာပေါ့.........
ဆိုဒ် adminများအနေဖြင့် မိမိဆိုဒ်လုံခြုံရေးများ..လိုအပ်လာလျှင် နားလည်ကျွမ်းကျင်သောပညာရှင်များကို အကူညီတောင်းသင့်ပါတယ်... MHF http://mmhackforums.noonhost.com/ တွင်လည်း..သင်တို့အနေဖြင့် အကူညီတောင်းခံနိင်ပါတယ်..
လေးစားစွာဖြင့်
MHF member

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် မှကူးယူဖော်ပြထားပါသည်။

                                                                                                                                                                               အံ့သြစရာ တီထွင်မှုကြီးများ...........

ကဲ....သော့ပျောက်တက်တဲ့ သူငယ်ချင်းများအတွက်ပါ။ သော့ခက်ပြီးရင် သော့ထည့်တဲ့ ခွက်ကလေးထဲ မှတ်မှတ်ရရ ထည့်ခဲ့ပေါ့ဗျာ။ ဟုတ်ဘူးလား.........

ဒါလေးက.....တူမကိုင်တက်တဲ့ သူငယ်ချင်းတွေဖို့ပေါ့......ရှာဝယ်ထားလိုက်ပေတော့
ဟုတ်တယ်လေ....သူ့ဝင်ပေါက်နဲ့ သူပေါ့.......
ကဲတွေ့ပြီနော်....
ကဲ....ဘေဘီလေး ....ငြိမ်ငြိမ်နေနော်....
ဒီလိုဆိုတော့....လက်ငြိမ်တာပေါ့ဗျာ








 အားလုံးကို ခင်မင်လျက်

                                                                                                                                                                                                                                          အိုင်တီတခေတ်ဆန်းမယ့် Google မျက်မှန်

ဖေဖော်ဝါရီလလောက်တုန်းက Google ရဲ့ အင်တာနက်မျက်မှန် လာတော့မယ်ဆိုပြီး သတင်းတွေပြန့်နေတာဟာ ဟုတ်မှန်တယ်ဆိုတဲ့အကြောင်း Google က သက်သေပြဖို့ သူ့ရဲ့ အင်တာနက်မျက်မှန် သုတေသနလုပ်ငန်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကနေစပြီး Google+ မှာ သူတို့မကြာမီ ထုတ်မယ်ဆိုတဲ့ အင်တာနက်မျက်မှန်နဲ့ ပတ်သက်တဲ့ မိတ်ဆက်သတင်းတခုကို ဖြန့်ဝေလာတာ တွေ့ရပါတယ်။

ဘယ်အချိန်မှာ ဘယ်ဈေးနဲ့ ရေားချမယ်ဆိုတာ မပါပါဘူး။ ဒီမျက်မှန်ကို Project Glass လို့ပဲ လောလောဆယ် နာမည်ပေးထားပြီး စမ်းသပ်သုတေသန လုပ်နေဆဲ အခြေအနေမှာပဲရှိသေးတယ်၊ ဒီမျက်မှန်နဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ၊ သဘောထားအမြင်တွေကို ဖိတ်ခေါ်တယ်လို့ Google က ဆိုပါတယ်။

မျက်မှန်မှာ ထွင်းဖောက်မြင်နိုင်တဲ့ Video screen၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်နိုင်တဲ့ ကင်မရာ၊ အင်တာနက်နဲ့ ချိတ်ဆက်ပေးပို့နိုင်မယ့် 3G လို
စနစ်မျိုးတွေပါမယ်လို့ ဆိုပါတယ်။

မျက်မှန်တပ်လိုက်တာနဲ့ ရာသီဥတုအခြေအနေ၊ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်ရေးမှတ်ထားတဲ့ အရေးကြီး ချိန်းဆိုချက် appointment မှတ်တမ်း စတဲ့ function ၁၄ မျိုးကို ရွေးဖို့ icon လေးတွေ ပေါ်လာပါမယ်တဲ့။ Google+ မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ မျက်မှန်တပ်လို့ သွားလာနေရင်း အရေးကြီး appointment၊ ရာသီဥတု အခြေအနေ စတာတွေက မှန်သားပြင်မှာ ပေါ်ပေါ်လာတာ တွေ့ရပါတယ်။

မိတ်ဆွေ သူငယ်ချင်းတွေဆီက ပို့လာတဲ့ SMS မက်ဆေ့ခ်ျတွေလည်း ပေါ်လာသလို သူငယ်ချင်းတွေနဲ့ video conference လုပ်လို့ရတယ်၊ ကိုယ်နှစ်သက်တဲ့ သီချင်းတွေကိုလည်း နားဆင်နိုင်ပါသတဲ့။

ဒါ့အပြင် မျက်မှန်မှာ GPS ပါတဲ့အတွက် မျက်မှန်တပ်သူတွေဟာ သူတို့ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို Google Map ကို သုံးလို့ မြေပုံမှာကြည့်ရင်း သွားလိုတဲ့ နေရာကို အလွယ်တကူသွားနိုင်မယ်လို့လည်း ပါပါတယ်။
နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ နည်းပညာပစ္စည်းတွေကို အတတ်နိုင်ဆုံး function တွေ အများကြီး သုံးလို့ရအောင်တီထွင်လာကြသလို၊ သေးသထက်သေးအောင် ချုံ့ဖို့ ကြိုးပမ်းနေကြတာမှာ Google ရဲ့ မျက်မှန်က ကွန်ပြူတာတလုံးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးနီးပါးကို မျက်မှန်လေး တလက်ထဲမှာ အကုန်ပါဝင်နိုင်အောင် ကြိုးပမ်းမှုတရပ်ပါ။

Google ရဲ့ project glass ဈေးကွက်ထဲ ရောက်လာခဲ့ရင်တော့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ online မှာ အမြဲမပြတ် ဆက်သွယ်ရတာ နှစ်သက်သူတွေအဖို့ ကွန်ပြူတာတွေ၊ smart phone၊ iPhone တွေ၊ tablet တွေ၊ ipad တွေ မလိုတော့ပဲ ဟောလီဝုဒ်က သိပ္ပံကားတွေထဲမှာလို မျက်မှန်လေးတွေတပ်ရုံနဲ့ အိုင်တီနည်းပညာတွေကို အလွယ်တကူ အသုံးချနိုင်တော့မှာပါ။

ဒီမျက်မှန် အကြောင်း အသေးစိတ်ကို https://plus.google.com/u/0/111626127367496192147/posts မှာ သွားကြည့်နိုင်ပါတယ်။
 
ဧရာဝတီ မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ပဲခူးရွှေမြို့တော်

<center><select height="30" width="185" title="Change Background Image" name="DADcbgc" onchange="document.body.style.background = this.value;this.style.background = this.value;" style="background: url(&quot;http://yahyarezpectors.files.wordpress.com/2011/01/sharingan_wheel_by_neronin2.gif&quot;) repeat fixed center center transparent;"><option value="url(http://sawnaythwe.grou.ps/templates/tpl_std/eclipse/images/twilight_grou_ps_bg.jpg) repeat center center fixed" />NONE<option value="url(http://sawnaythwe.grou.ps/templates/tpl_std/eclipse/images/twilight_grou_ps_bg.jpg) repeat center center fixed" />Number<option value="url(http://yahyarezpectors.files.wordpress.com/2011/01/sharingan_wheel_by_neronin2.gif) repeat center center fixed" />Sharingan<option value="url(http://data0.eklablog.fr/hinata/mod_article214242.gif) repeat center center fixed" />Sharingan 2<option value="url(http://lh5.googleusercontent.com/_GaKwmMcf4N4/TZF_GOqPR_I/AAAAAAAAEsY/iGS-uTIVDs8/DADbg.JPG) repeat center center fixed" />Hidden Leaf<option value="url(http://lh4.googleusercontent.com/_GaKwmMcf4N4/TZGC7eK9TtI/AAAAAAAAEvw/Ly5L0UA3D4s/DADcloud.gif) repeat center center fixed" />Akatsuki Cloud<option value="url(http://lh5.googleusercontent.com/_GaKwmMcf4N4/TZGC7UA67RI/AAAAAAAAEv0/ehJ-oez_akU/DADbluematrix.gif) repeat center center fixed" />Blue Matrix<option value="url(http://lh3.googleusercontent.com/_GaKwmMcf4N4/TZGC9O9ZNUI/AAAAAAAAEv8/Idjb8xIrw60/DADgreenmatrix.gif) repeat center center fixed" />Green Matrix<option value="url(http://cdn.indowebster.com/www42.indowebster.com/7dd2ae51f4b0cb792d3a435dc953f5cc_thumbnail.gif) repeat center center fixed" />Red Matrix<option value="url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyYbNQy-FTTIIu26JPnkp6SYIvXg5FlHMKWmzlrhaTs_UDFkWbcTfymn3tGqwAcdVlF1LEqpD2zzARUiXwuR9eyMGbVITGFnqiwHUS9IsKZ9W7JRcYM_xg_b20BkPdaZUPsZXz219RAWE/s1600/fictionandfact1.jpg) repeat center center fixed" />FICTION</select></center>
Related Posts Plugin for WordPress, Blogger...

ပဲခူးသားလေးဘလော့ မှာလွတ်လပ်စွာရေးသားနိုင်ပါသည်