/* Kp3bloglist Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

မိမိကြိုက်နှစ်သက်ရာ ဆိုဒ် နောက်ခံ အရောင်ပြောင်းပြီးကြည့်နိုင်ပါတယ်

June 15, 2012

၁၂၅သိန်းတန်တီရှပ်


  


 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ  လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။

ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။

"အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ" ဟု ဒေါ်မာလာဝင်းက ပြောသည်။

သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။
                     (  ၁၂၅)သိန်းဖြင့်လေလံဆွဲဝယ်ယူသွားခဲ့ သောဒေါ်မာလာဝင်းကိုတီရှပ်နှင့်အတူတွေ့ ရစဉ်

လှုပ်ရှားနေသောရုပ်ပုံလေး များ (သို့မဟုတ်) animation ရုပ်ပုံလေးများရှိသော website လိပ်စာများ

ဘလော့မှာ အလှဆင်ရန်......... အတွက် animation ရုပ်ပုံလေးတွေရှိတဲ့ website လိပ်စာလေးတွေပါ... အလားလုံးနှစ်သက်မယ်ထင်လို့တင်ပေးလိုက်တာပါ...ကျွန်တော်တော့ အဲဒီဆိုဒ်တွေ က ပဲယူသုံးတယ်......

http://winkkk.com/
http://www.wishafriend.com/
http://www.funscrape.com/
http://www.mynicespace.com/
http://www.spicecomments.com/
http://www.playcomments.com/
http://www.thugtags.com/
http://www.fodey.com/
http://www.avatarsdb.com
http://www.glitter-graphics.com
http://www.mastergreetings.com/
http://www.jellymuffin.com/
http://www.crazyprofile.com/
http://www.myspaceanimations.com
http://www.layoutcodez.net
http://www.zwani.com/
http://www.myspacegraphicsandanimations.com/
http://www.myspacedev.com
http://www.orkutuncle.com
http://www.alegoo.com
http://www.mudtrap.com/
http://media.photobucket.com


http://www.superpimper.com
http://www.yourcommentcodes.com/
http://www.bigoo.ws
http://www.myorkutglitter.com
http://www.wondericons.com
http://www.getgreatcodes.com
http://www.postpalace.com

အွန်လိုင်းမှာ ကိုယ်ပိုင် blog ရေးချင်သူများအတွက်... အလွယ်ကူဆုံး နည်းလမ်းလေးတွေနဲ့ ဘလော့ ရေးသားနိုင်မယ့် website လိပ်စာတွေကို စုစည်းပေးလိုက်ပါတယ်နော်.. အဲဒီထဲ့ တစ်ခုကို sing up လုပ်ပြီး တာနဲ့ ကိုယ်ပိုင် ဘလော့တစ်ခုကို စိတ်ကြိုက်တည်ဆောက်လို့ရပါပြီ..... သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ.....


http://www.moogo.com/
http://www.spruz.com/
http://weebly.com
http://webs.com
http://yola.com
http://multiply.com
http://webstarts.com/

http://www.socialgo.com/
http://www.webnode.com/
http://www.homestead.com/
http://www.moonfruit.com
http://www.freewebpages.org/
http://www.350.com
http://www.terapad.com
http://www.youfreeweb.com
http://www.sauropol.com
http://tools.webspawner.com
http://www.webself.net/
http://www.inube.com
http://www.babyhomepages.net
http://flooha.com
http://www.dmon.com
http://www.lifeyo.com
http://www.sitew.com/

June 13, 2012

Photo Calendar Maker 2.65


လွယ်လွယ်ကူကူနဲ့ အသုံးပြုလို့ ရမယ့် Calendar ဆော့ဝဲလ်လေး ပါ မိမိတို့ ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ထုတ်ချင်တဲ့ သူများအတွက်ပါ..။ သူ့ရဲ့ကီးလေးပါ အထဲမှာ ထည့်ထားပေးပါတယ်..။ နောက်ခံဘက်ဂရောင်း ဖရိန်လေးတွေလည်း တော်တော်များများပါပါတယ်..။ မိမိတို့ ကြိုက်နှစ်သက်သလို ပြုပြင်ယူလို့လည်း ရပါသေးတယ်..။ အောက်မှာ ကီးထည့်ပြထားပြီး အစမ်းလုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ...။ ဖိုင်ဆိုဒ်ကတော့19.7 MB ရှိပါတယ်..



အောက်ပုံးလေးအတိုင်း အဆင့်ဆင့် ကီးထည့်သွားလိုက်ပါ.. ကီးထည့်ပြီးရင် ၎င်းဆော့ဝဲလ်ကို ပိတ်ပြီးမှ ပြန်ဖွင့်သုံးပါ..။



ဒီအောက်က ပုံကတော့ မျှားထိုးပြထားတဲ့ နေရာတွေမှာ ဖရိန်တွေ၊ သူပေးထားတဲ့ ပုံတွေ၊ မိမိတို့ ထည့်ချင်တဲ့ ပုံတွေကို စိတ်ကြိုက်ရွေးချယ် ပြုပြင်ယူလို့ ရပါတယ်.. အောက်မှာတော့ ကျနော်အစမ်း လုပ်ပြထားတာလေးပါ..။





VZO မြန်မာဘာသာ

vzo သုံးကျတဲ့သူငယ်ချင်းများ အားလုံးအတွက်အထူသတင်းကောင်းလေးပါ မသိသေးတဲ့သူများသာရည်ရွယ်ပြီးတင်ထားခြင်းဖြစ်ပါတယ် သူငယ်ချင်းတို့သုံးနေတဲ့ vzo ရဲ့ဝက်ဆိုဒ်မှာ မြန်မာဘာသာ နဲ့ပါဝင်လာပြီဖြစ်ပါတယ် အင်္ဂလိပ်လို သိပ်ပြီးတော့ နားမလည်ရင်မြန်မာဘာသာနဲ့ အသုံးပြူနိင်ပြီဖြစ်ပါတယ် ဆိုတဲ့အကြောင်းအထူး သတင်းကောင်းလေးပါးလိုက်ရပါတယ် ဒီလင့်ကနော်သွားလိုက်ပါ http://vzochat.com/my/Default.aspx အကောင့်ဖွရန်ဒီလင့်ကနေသွားပါ http://vzochat.com/my/Register.aspx အားလုံးပဲအဆင်ပြောကျပါစေ

June 12, 2012

အလ်ကာအိဒဟ်(အလ်ကိုင်ဒါ)မှ မြန်မာပြည်သို့ အသိပေးကြေငြာချက်

အလ်ကာအိဒဟ်(အလ်ကိုင်ဒါ)မှ မြန်မာပြည်သို့ အသိပေးကြေငြာချက်

بسم الله الرحم الرحيم
الحمد لله رب العالمين والصلوة والسلام علي النبي الكريم وعلي اله وصحبه أجمعين وبعد
ကျွန်ုပ်တို့သည် အလ်ကိုင်ဒဟ်အဖွဲ့အစည်းအား နေရာဒေသတစ်ခု သို့မဟုတ် လူမျိုးစုတစ်ခုအတွက် ဖွဲ့စည်းထားခြင်း အလျင်းမဟုတ်။ သို့သာမက ကျွန်ုပ်တို့သည်  الجهاد ماض إلي يوم القيامة ဟူသော ကျွန်ုပ်တို့၏ မြတ်နဗီ (ဆွ)၏ အမိန့်တော်အား သက်သေပြရန်အတွက်၊ ကျမ်းမြတ်ကုရ်အာန်၏ အမိန့်တော်များအား လိုက်နာနေသူများအဖြစ် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်များမှစ၍ မြန်မာပြည်၏ မွတ်စ်လင်မ်များ အခြေအနေ အရပ်ရပ်အား လေ့လာနေကြပြီး၊ စီမံကိန်းများစွာ ပြုလုပ်လျက်ရှိခဲ့သည်။ ယခု မြန်မာနိုင်ငံမှ ကျွန်ုပ်တို့အား တိုင်ကြားစာ၊ အကူအညီတောင်းခံစာများစွာ ရောက်ရှိလာသကဲ့သို့ အခြေအနေ အရပ်ရပ်တို့အား လေ့လာခွင့်၊ သိရှိခွင့်များမှာလည်း ယခင်နှစ်များနှစ် မတူပဲဖြစ်နေတော့ပေသည်။


 သို့ဖြစ်ပေရာ ကျွန်ုပ်တို့အနေနှင့် ဦးစွာပထမ အသိပေးသဘောနှင့် ဤကြေငြာချက်အား မြန်မာပြည်သူများနှင့် အစိုးရထံသို့ ပေးပို့လိုက်ပါသည်။ လွန်ခဲ့သည့်အပတ်တွင် ဖြစ်ပွားခဲ့သော သဗ်လီဂီမွတ်စ်လင်မ်(၁၀)ဦးအား ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်မှု့နှင့် ပတ်သတ်၍ ကျွန်ုပ်တို့သည် မြန်မာပြည်ရှိ မွတ်စ်လင်မ်များနှင့် ထပ်တူကြေကွဲခံစားရပါသည်။ မြန်မာပြည်ရှိ မွတ်စ်လင်မ် လူငယ်များ၊ အမျိုးသားအမျိုးသမီးများအားလုံး အနေနှင့် ၎င်းဆယ်ဦးအား ဂုဏ်ယူဖွယ်ရာ သာသနာ့အာဇာနည်များအဖြစ် နှလုံးသွင်းကြရန်လည်း ကျွန်ုပ်တို့ အထူးတိုက်တွန်းလိုက်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့ ငြိမ်းချမ်းစွာ ကောင်းမှု့ပွားရန်၊ ဆိုးရိမ်မှု့အပေါင်းမှ ကင်းဝေးပြီး အဖက်ဖက်မှ ဘေးရန်ကင်းရှင်းစွာ နေထိုင်ရန်အတွက် ဂျေဟားဒ်အဖွဲ့အစည်းများ ထူထောင်ရန်လည်း လှုံ့ဆော်ပေးလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ မွတ်စ်လင်မ်များသည် အချိန်မရွေး လည်လှီးခံရနိုင်သော အိမ်မွေးကြက်များ မဟုတ်ပေ။ ကျွန်ုပ်တို့၏ လမ်းပြကြယ်များသည် ကာဖရ်များထံမှ အကောက်ခွန်ယူ၍ သြဇာပြနိုင်ခဲ့သည်။ သို့သော် ဝမ်းနည်းဖွယ်ရာကောင်းသော အချက်မှာ- ကျွန်ုပ်တို့သည် အနှိပ်စက်ခံနေရပါလျှက် လက်တုန့်ပြန်မှု့ မပြုနိုင်ခြင်းဖြစ်သည်။ 
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော မွတ်စ်လင်မ်များအား အသိပေးလိုသည်မှာ ကျွန်ုပ်တို့သည် မြန်မာပြည်ရှိ နောင်တော်များနှင့် ပတ်သတ်၍ မျက်စိမှိတ် နားပိတ်နေကြသည်မဟုတ်ကြောင်း၊ အခြေအနေကောင်းမွန်လာသည်နှင့် လိုအပ်သည့် အကူညီများအား ပေးသွားမည်ဖြစ်ကြောင်းနှင့် အချို့အချက်အလက်များအား အစိုးရထံတောင်းဆိုသွားမည်ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်၍ ကျွန်ုပ်တို့ နောင်တော်များအား ကာကွယ်နိုင်စွမ်းမရှိပါက လူလွှတ်၍ လက်စားချေသွားမည်ဖြစ်သည်။ 
အစိုးရထံမှ တောင်းဆိုသည့်ကိစ္စတို့မှာ.......
  • လွန်ခဲ့သော အပတ်တွင်ဖြစ်သွားခဲ့သော ကိစ္စနှင့်ပတ်သတ်၍ အစိုးရအနေနှင့် သတ်ဖြတ်သူများအား ပြန်လည်အသက်သေစေခြင်းရှိရမည်။
  • ထိုကိစ္စနှင့်အလားတူ ကိစ္စများ ထပ်မံမဖြစ်လာစေရန် ဆောင်ရွက်ပေးရမည်။
  • ဘာသာတရားအား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုပြီး ဗလီ၊ကျောင်းနှင့် သာသနာပိုင်အဆောက်အဦးတို့အား ကာကွယ်ပေးရမည်။
  • ပြည်တွင်းပြည်ပရှိ မွတ်စ်လင်မ်များအား ဖိနှိပ်ခြင်း လုံးဝ စွန့်လွှတ်ပေးရမည်။ ဆိုလိုသည်မှာ မွတ်စ်လင်မ်တို့အား လွတ်လပ်ခွင့် အပြည့်ပေးရမည်။
  • မွတ်စ်လင်မ်တို့အား စော်ကားသည့် ဆောင်းပါး၊ရုပ်သံ၊ပျက်လုံး စသည့်အရာတို့အား ထိရောက်စွာ အရေးယူပေးရမည်။
ဤအချက်ငါးချက်နှင့်ပတ်သတ်၍ ပြုလုပ်ဆောင်ရွက်ခြင်း အလျင်းမရှိပါက မြန်မာနိုင်ငံအစိုးရသည် အဆုံးမသတ်သော စစ်ပွဲတစ်ခုအား ရင်ဆိုင်ရမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့်ဆင်ခြေကိုမျှ လက်ခံမည်လည်း မဟုတ်ပေ။ 
(ဤကြေငြာမှု့သည် ကျွန်ုပ်အား ဖုန်းဖြင့် ဌာနချုပ်မှ ပြောပြသည်တို့အား လိုတိုးပိုလျှော့် အကင်းနိုင်ဆုံး ပုံစံဖြင့် မြန်မာစာစီ ရေးသားခြင်းသာ ဖြစ်ပါသည်။) 
စိုင်ဖွလ္လာဟ်(အိုကားဗ် ဆာနီ) 
{မရ်ကဇီ မဟားဇ်}
                                                                                                                                       ကရင်မျိုးနွယ်စုများ မှ ကူးယူဖေါ်ပြသည်

June 9, 2012

အခမဲ့ Online Editor ကိုသုံးချင်ရင်

အခမဲ့ Online  Photo  Editor အသစ်လေးပါ၊အောက်မှာလင့်ခ်လေးပေးထား ပါတယ်၊သုံးရတာလွယ်ကူပါတယ်၊လိုအပ်ရင်သုံးလို့ရအောင်တင်လိုက်တာပါ။ Photo  Editor Software တင်တဲ့ဆိုက်တွေကလည်းများပါတယ်


ဒီမှာ သွားလိုက်ပါ။

June 8, 2012

၂၀၁၁ ခုနှစ်အတွင်း တွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံးမျိုးစိတ် ၁၀ ခုစာရင်းထုတ်ပြန် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိခဲ့သော နှာခေါင်းလန်မျောက် ထိပ်ဆုံးတွင် ပါဝင်လာ

AddThis Social Bookmark Button
၂၀၁၁ ခုနှစ် အတွင်းတွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး မျိုးစိတ် ၁၀ ခုစာရင်းကို အပြည်ပြည်ဆိုင်ရာ မျိုးစိတ်လေ့လာရှာဖွေရေး အင်စတီကျုက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ အရီဇိုး နားပြည်နယ်တက္ကသိုလ်တွင် ရုံးစိုက်ထားသည့် ယင်းအဖွဲ့ကြီးသည် အထူးဆန်းဆုံးမျိုးစိတ် ၁၀ မျိုး စာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့သည်မှာ ယခုအခါ ငါးနှစ်မျှ ရှိလာပြီဖြစ်သည်။

၂၀၁၁ ခုနှစ်စာရင်းတွင် ထူးခြားမှုအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိခဲ့သော နှာခေါင်းလန် မျောက်မျိုးစိတ်က နံပါတ် ၁ အဖြစ် ပါရှိလာခြင်းဖြစ်သည်။ ယနေ့ခေတ်သုံး အပင်နှင့် တိရစ္ဆာန်မျိုးစိတ်အမည်နှင့် အမျိုးအစားခွဲခြားမှုစနစ်ကို တီထွင်ခဲ့သော ဆွီဒင်ရုက္ခဗေဒပညာရှင်  ကာလိုးလင်းနက်စ်၏ ၃၀၅ နှစ် မြောက်မွေးနေ့တွင် စာရင်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

သိပ္ပံပညာရှင်များသည် သက်ရှိမျိုးစိတ် နှစ်သန်းနီးပါးကို တွေ့ရှိထားပြီးဖြစ်သော်လည်း ကမ္ဘာပေါ်တွင် မျိုးစိတ် ရှစ်သန်းနီးပါးမျရှိမည်ဟု ခန့်မှန်းထားကြသလို အချို့ကလည်း ၁၂ သန်းအထိရှိနိုင်သည်ဟု ဆိုကြသည်။

၁ ။ နှာခေါင်းလန်မျောက်(နှာချေမျောက်)(Rhinpithecus strykeri) 
မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများပေါ်တွင် တွေ့ရသော ယင်းမျောက်မျိုးမှာ မျိုးသုဉ်း ပျောက်ကွယ်မည်ကို အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။ နှာခေါင်းလန်နေသောကြောင့် မိုးရွာချိန်တွင် ခေါင်းကို ၀ှက်ပြီးနေကြသည်။
၂ ။ ဘာနဲရာသေတ္တာရေခူပြား(Tamoya ohboya)
သေစေသည်အထိ အဆိပ်ပြင်းသော ရောင်စုံလက်တံရှည်များပါသည့် စွန်သဖွယ် လွင့်မျောနေတတ်သည့် ပုံမှန်ထက်ပိုပြားသော ရေခူတစ်မျိုးမှာ နယ်သာလန်ရှိ ဘာနဲရာကျွန်းတွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။
၃ ။ မိစ္ဆာတီကောင်(Halicephalobus mephisto)
တောင်အာဖရိကရှိ တစ်မိုင်နီး ပါးနက်သည့် ရွှေတွင်းများတွင် တွေ့ရသည့် တီအမျိုးအစားတစ်မျိုးမှာ  တစ်လက်မ၏ အပုံ ၅၀ ပုံတစ်ပုံ သာရှိပြီး အဏုကြည့် မှန်ပြောင်းဖြင့်သာ မြင်နိုင်သလို ကြောက်မက်ဖွယ်အဆင်းရှိသည်။
၎ ။ ညပွင့်သစ်ခွ(Bulbophyllum nocturnum)
ပါပူအာနယူးဂီနီမှ ရှားပါးသစ်ခွမှာ ည ၁၀ နာရီဝန်းကျင်မှ ပွင့်လေ့ရှိပြီး နံနက်စောစောရောက်သည်နှင့် ပြန်ငုံသွားသည့် အပင်ဖြစ်ပြီး တွေ့ရှိသမျှထဲတွင် တစ်ခုတည်းသော ညပွင့်သည့် သစ်ခွဖြစ်သည်။
၅ ။ စပိန်မှကပ်ပါးနကျယ်ကောင်(Kollasmosoma sentum)
စပိန်တွင်တွေ့ရှိခဲ့သည့် ကပ်ပါးနကျယ်ကောင်မှာ တစ်စက္ကန့်၏ အပုံ ၂၀ ပုံလျှင် တစ်ပုံမျှသာ ကြာမြင့်သောအချိန်အတွင်း ပုရွက်ကျင်းအတွင်း ဥချနိုင်သည့် အကောင်ဖြစ်သည်။
၆ ။ မလေးရှားရေမြှုပ်မှို(Spongiforma squarepantsii) 
မှိုဆိုသော်လည်း မှိုထက် ရေမြှုပ်နှင့်ပိုတူသော ယင်းမှိုကို မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ဖြင့်ဖျစ်ပါက ပိန်သွားပြီး ပြန်ဖောင်းလာသည့် ထူးဆန်းသည့် မှိုဖြစ်သည်။
၇ ။ နီပေါနွေဦးဘိန်းဝါ(Meconopsis autumnalis)
အမြင့်ပေ ၁၉၈၀၀ တွင် ပေါက်ရောက်သော ဘိန်းဝါများအကြောင်းကို ယခင်ကတည်းက သိခဲ့ကြသော်လည်း ပုံမှန်ဘိန်းများနှင့် မျိုးစိတ်မတူကြောင်းကို ယမန်နှစ်ကမှ ခွဲခြားဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၈ ။ အကြီးဆုံးဆီသည်မကောင်(မီးရထားကောင်) (Cruifarcimen vagans)  
၆ ဒသမ ၃ လက်မမျှရှိသော ယင်းဆီသည်မကောင်(မီးရထားကောင်)မှာ ခြေနှစ်ချောင်းစီပါသော အဆစ် ၅၆ ဆစ်ရှိပြီး တွေ့ရှိသမျှထဲတွင် အကြီးဆုံး အရှည်ဆုံး ဖြစ်သည်။
၉ ။ လမ်းလျှောက်စောင်းကြမ်းကောင်(Diania cactiformis)
လွန်ခဲ့သော နှစ်သန်းပေါင်း ၅၂၀ ခန့်ကရှိခဲ့သော မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည့် မျိုးစိတ်ဝင် စောင်းကြမ်းပင်နှင့်တူသော အကောင်၏ ရုပ်ကြွင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၁၀ ။ ဆာဇီမာအမွေးထူပင့်ကူ (Pterinopelma sazimai)  
ဘရာဇီးနိုင်ငံရှိ တောင်ပေါ်လွင်ပြင်များတွင် တွေ့ရသော မျိုးစိတ်သစ်ပင့်ကူဖြစ်သည်။

အမျိုးသား တားဆေးပေါ်တော့မည်

ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။

သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။

ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။

အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို ရှာဖွေခဲ့ကြသည်။ သုက်ပိုးဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးသည့် ပရိုတိန်းတစ်မျိုးပါဝင်သော  Katanal1 မျိုးဗီဇကို တွေ့ရှိခဲ့ကြပြီး ယင်းပရိုတိန်း မရှိပါက သုက်ပိုးသည် အပြည့်အ၀ဖြစ် တည်မလာဘဲ ခန္ဓာကိုယ်ကယင်းတို့ကို ဖျက်ဆီးပစ်သည်ကို တွေ့ခဲ့ရသည်။

ယင်းဖြစ်စဉ်ကို လူသားများတွင်လည်း သုံးနိုင်ပါက လုံးဝ မျိုးမအောင်ခြင်းမျိုးမဟုတ်ဘဲ သုက်ပိုးကို မဖွံ့ဖြိုးစေလိုသည့် အချိန်တွင်သာ မဖွံ့ဖြိုးစေရန် ဟန့်တားနိုင်မည့် တစ်နည်းအားဖြင့် မျိုးမအောင်စေရန် တားလိုသည့် အချိန်တွင် တားနိုင်မည့် အနေအထားမျိုး ဖန်တီးလာနိုင်ရန်  မျှော်လင့်ချက် ရှိလာခဲ့ခြင်းဖြစ်သည်။

ဆေးထုတ်လုပ်ရေးမှာ ခက်ခဲဦးမည်ဖြစ်သော်လည်း လမ်းစတွေ့ထားပြီဖြစ်သောကြောင့် မကြာနိုင်တော့ကြောင်းလည်း လီစမစ်က သုံးသပ်သည်။

 မိုးခေါ်ပွဲ

AddThis Social Bookmark Button
''မိုး .. မိုး . . . မိုးလားမောင်တို့၊ ဟုတ်ပါတယ်ဗျို့ မိုးပါဗျို့ . . . လေ လေ လေလားမောင်တို့၊ လေမဟုတ်ဘူး မိုးပါဗျို့ . . . မိုးရွာတော့မယ် သေချာပြီ၊ ကိုကိုညီညီနိုင်တဲ့ လွန်ပွဲ . . . မျက်နှာငယ်လေးနဲ့ သနားစရာ၊ ထားကညာရေ မငိုလိုက်ပါနဲ့ . . .။ နှုတ်ခန်းစူနဲ့ မူယာဆင်၊ မြင်ရသူမှာ စိတ်မချမ်းသာဘူး . . .။ ဒူးထောက် ရှိခိုးအသနားခံ၊ ဆောရီးပါကွယ် ပြန်လိုက်ကြဦး . . .''ဟု လူကြီး၊ လူငယ် အမျိုးသားတစ်စု၏ မိုးခေါ်လွန်ဆွဲ သံချပ်ဟစ်သံက ဗျောအဖွဲ့မှ ဆိုင်းသံ၊ ဗုံသံများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်လမ်းတစ်လျှောက် စည်းချက်ညီညီ ပျံ့လွင့်လို့ နေလေသည်။
အရှည်ပေ ၃၆၀ ကျော် ငါးမတ်လုံး သုံးပင်လိမ်ထားသည့် ဂုန်နီကြိုးရှည်ကြီးကို ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံပါဝင်သည့် အမျိုးသမီးများက တစ်ဖက်၊ အမျိုးသားများကတစ်ဖက် မျက်နှာချင်းဆိုင်ကိုင်ထားကြသည်က ရောမခေတ် ရုပ်ရှင်ဇာတ်လမ်းတွဲများမှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲများ မတိုက်ခိုက်မီ စစ်သူကြီး အမိန့်ကို စောင့်ဆိုင်းနေသည့် စစ်သည်တော်တွေအလား အားမာန်အပြည့်ရှိလှသည်။ မကြာမီ အမျိုးသားနှင့် အမျိုးသမီး အားချင်းပြိုင်သည့် မိုးခေါ် လွန်ဆွဲပြိုင်ပွဲကြီး၏ ဒိုင်လူကြီးဖြစ်သူက သာသနာ့အလံတော်ကို တလွင့်လွင့် ကိုင်မြှောက်ကာ တစ် . . . နှစ် . . . သုံး . . .တိုင်ပင်ပေးခေါ်သံနှင့်အတူ တစ်ဖက်တစ်ချက်တွင်ရှိသည့် အချက်ပေး မောင်းတီးခတ်သူကလည်း အတိုင်ပင်အတိုင်း ဒူ . . .ဒူ . . .ဒူ . . .ဟု တီးခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဂုန်နီကြိုးကို ကိုင်ဆွဲထားကြသည့် လူအုပ်ကြီးမှာ ဘယ်ယိမ်း၊ ညာနွှဲ့၊ မညီမညာကွေ့ ကောက်လွန်းထိုး အားပြိုင်နေခြင်းက နဂါးကြီးတစ်ကောင် ဖုန်ထူထူထဲမှာ လူးလွန့်နေသည့်အလား .  .  .
ပထမအကြိမ် မိုးခေါ်လွန်ဆွဲပြိုင်ပွဲတွင် အမျိုးသားများဘက်မှ အနိုင်ရရှိလိုက်ကြရာ အော်ဟစ်ကခုန် မြူးတူးပျော်ရွှင်နေကြသည်က ဘေးနားတွင် ၀င်ရောက်ဆင်နွှဲခြင်းမရှိသေးသည့် ပရိသတ်အပေါင်းကို အားမလိုအားမရ ဖြစ်ပေါ်စေသည်။ ဒုတိယအကြိမ် မစတင်မီ အမျိုးသားများက လက်ကျန် သံချပ်စာပုဒ်ကို တစ်ကျော့ပြန် အောင်နိုင်ရေးအတွက် ထပ်မံအော်ဟစ်တိုင်ပြန်လေရာ ''ကြက်မတွန်လို့ လင်းမယ်ဆို၊ လမင်းကြီးကို သနားပါရဲ့ . . . မိုးခေါင်ကျော်စွာ နတ်ဒေ၀ါ၊ ယောက်ျားနတ်ပါ ခင်ခင်လေးရဲ့ . . . ယဉ်ကျေးသူလေး သနားစရာ၊ လက်ဖ၀ါးမှာ သွေးဥနေ မလား . . . မိုးခေါ်တေးကို ဆိုလိုက်ပြီ၊ လက်တွဲညီညီမောင်မယ်ကစို့ . . . မုတ်သုန်မိုးတို့လာချေပြီ၊ ရွတ်ဖတ်ကြပြီ ငါးရံ့မင်းပရိတ်. . . ဟိတ် မိုးလား . . . ဟိတ်ရွာထား၊ တိုင်း ပြည်ငြိမ်းစေသား . . .'' ဟေး . . . ဟေး...ဟေးဆိုသည့် သံပြိုင်အော်ဟစ်သံက အိပ်ပျော်နေသော မိုးနတ် မင်းကြီးကို လှုပ်နိုးလိုက်သလိုပင်။
ဒုတိယအကြိမ် ထပ်မံ၍ အားပြိုင်ကြလေရာ အမျိုးသမီးများဘက်မှ အနိုင်ရရှိသွားခဲ့သဖြင့် အညာဒေသ ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲတော်ကြီးကို တစ်စတစ်စ အရှိန်ကောင်းလာစေခဲ့သည်။ အမျိုးသမီးများနှင့် အမျိုးသားများ တစ်ဖက်စီ လွန်ဆွဲ အားပြိုင်သည့်ပွဲတွင် မခံချင်အောင် ကလိသည့်၊ ထေ့သည့် သံချပ်စာသားများကလည်း အနီးဝန်းကျင်တွင် အားမလိုအားမရ ရပ်ကြည့်နေသည့် အဘိုး၊ အဘွားများပါမကျန် လွန်ကြိုးကိုင်ကာ ၀င်ရောက် အားစမ်းလာကြသည်က အရေးကြီးလျင် သွေးစည်းသည်ကို မျက်ဝါးထင်ထင်မြင် တွေ့လိုက်ရသည်။ အနိုင်ရရှိလိုက် ကြသည့် အမျိုးသမီးများဘက်ကလည်း အနိုင်မခံ၊ အရှုံးမပေး မခံချင်စိတ်ကို သံချပ်စာသား များဖြင့် ဖွင့်ဟပြန်လေရာ ''ပျော်သလားဟေ့ . . . မယ်တို့ရေ၊ ပျော်တယ်ဟေ့ . . . ပျော်တယ်ဟေ့၊ မိုးခေါ်ပွဲမို့ လွန်ဆွဲတာ . . . အသဲမမာရင် အိမ်မှာနေကြ၊ မိန်းမအားမာန် မိုးသို့ညံ . . . ဂန်ဒူး ဟန်တွေရှက်လိုက်ကြဟေ့၊ ကမ္ဘာရွာ ကြီးဖြစ်နေပြီ. . . မိန်းမယောက်ျား မခွဲခြားတော့ဘူး၊ ပုသိမ်ကြီးက အ ပျိုတွေ . . . ကိုကိုရေလို့မချွဲတတ် ဘူးနော့၊ ဖားအော်သံလား မိုးသံလား ဟေ့ . . . ချုန်းခြိမ့်ညံတာ ငါတို့နိုင်လို့၊ ဟိုကောင်လေးတွေရှက်စရာ . . . နားကပ်ပန်ကာ ကနွှဲ့ကလျ၊ ပဲမများနဲ့ မောင်တို့ရေ... ဟိုချောင်ဘေးမှာ အိပ်နေလိုက်တော့...''စသည့် စာသားများဖြင့် အမျိုးသားများအား ကလိတိတိ၊ ရိတိတိနှင့် ထေ့လေရာ အမျိုးသားအများစုမှာ မခံချင်စိတ်ဖြင့် ပုဆိုးကို ခါးတောင်းကျိုက်၊ အင်္ကျီလက်သားမတင်သည့်အနေအထား ဖြစ်ကုန်ကြတော့သည်။
လွန်ဆွဲပွဲတွင် ၀င်ရောက်ဆင်နွှဲသူ အသက် ၇၈ နှစ်အရွယ် အဖွားဒေါ်တင်လှက ''ကျင်းပဖြစ်တဲ့နှစ်တွေတိုင်း ၀င်မပြိုင်ပဲ မနေနိုင်အောင် ဖြစ်ရတယ်။ အိုးစည်ဒိုးပတ်သံကြားရင်ကို ကခုန်ချင်နေတာ။ အဖွားတို့ အမျိုးသမီး အဖွဲ့နိုင်တော့ ပြောမပြတတ်အောင် ပျော်တယ်။ ရိုးရာဓလေ့ ပျော်ရွှင်စရာ ကောင်းပေမဲ့ ရာသီဥတု အရမ်းပူပြီး မိုးခေါင်ရေရှား အခြေအနေနဲ့ ကြုံတွေ့လာရလို့ ဒီလိုပွဲမျိုး နှစ်စဉ် မကျင်းပဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်''ဟု ပြောကြားပါသည်။ အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းစိန်ကလည်း ''သူများတွေ ၀င်ဆွဲနေတာမြင်တော့ အဘွားလည်း မနေနိုင်တော့ ၀င်ဆွဲဖြစ်ရင်း ခြေသန်းခြေသည်းခွံတောင် လန်သွားတယ်။ ဒါပေမဲ့ နိုင်ချင်ဇောနဲ့ ဆက်ဆွဲခဲ့တယ်။ နိုင်တော့ ကတောင်ကမိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အသက် ၂၀ လောက် ငယ်သွားတယ်လို့တောင် ထင်ရတယ်''ဟု လွန်ဆွဲပြိုင်ပွဲ၏ အတွေ့အကြုံကို ဖွင့်ဟ ပြောကြားခဲ့လေသည်။
ယခုကဲ့သို့ ဘုရားလောင်းငါးရံ့မင်း ပူဇော်ခြင်း၊ လယ်တီဆရာတော်ကြီး၏ မိုးကမ္မ၀ါစာရွတ်ဖတ် ပူဇော်ခြင်းနှင့် မိုးခေါ်လွန်ဆွဲပွဲများကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး၏ သားတော်ကြီး အောင်ပင်လယ်မြို့စားမင်း ရှင်စောလက်ထက်ကတည်းမှ မိုးခေါင်ရေရှားဖြစ်သည့်အခါ သံဃာတော်များ ပင့်ဖိတ်ပြီး ငါးရံမင်း ပရိတ်ရွတ်ဖတ်ခြင်းဖြင့် မိုးသုံးပါး မျှတရွာသွန်းစေခဲ့သည်ကို အကြောင်းပြုကာ ယနေ့အချိန်အထိ အစဉ်အလာမပျက် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ငါးရံ့မင်းရုပ်တုများထားရှိရာ ရန်ကင်းတောင်ခြေရှိ ပန်းပေါင်းမုနိ ရုပ်ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ကျောင်းတိုက် ဆရာတော် ဦးဝေပုလ္လက ရှင်းလင်းမိန့်ကြားပါသည်။
''မိုးရာသီရောက်တဲ့အထိ မိုးမရွာသေးဘူဆိုရင် ငါးရံ့မင်းရုပ်များကို ပင့်ဆောင်၊ ငါးရံ့မင်းပရိတ်တော်များကို ရွတ်ဖတ်ပြီး မြို့တွင်း၊ ရပ်ကွက်တွေမှာ လှည့်လည် အပူဇော်ခံကြတယ်။ ပခုက္ကူနယ်ဘက်မှာဆိုရင် ထန်းရွက်နဲ့ ငါးပုံစံမံပြီး ရေကန်ထဲကိုချ၊ ဘေးကနေ သံဃာတော်တွေက ၀ိုင်းပြီး ငါးရံ့မင်းပရိတ် ရွတ်ပေးကြရတယ်။ ၂၀၀၉၊ ၂၀၁၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင် အခုလို ရာသီဥတု အရမ်းပူပြင်းပြီး မိုးခေါင်ရေရှားဖြစ်တုန်းက ပုဂံညောင်ဦး၊ ပုပ္ပါး၊ မြင်းခြံ၊ တောင်သားနဲ့ နေပြည်တော်အထိကို ဒေသခံတွေက ပင့်ဖိတ်လို့ ငါးရံမင်းသုံးဆူကို ကားပေါ်တင်ပြီး ဒေသစာရီ ကြွချီခဲ့ဖူးသေးတယ်။ အဲ့ဒီမှာ အတွေ့အကြုံတစ်ခုက ပခုက္ကူနဲ့ကံမကြားမှာရှိတဲ့ ညောင်နီပင် ကျေးရွာကိုအသွားမှာ ငါးရံ့မင်းပရိတ်ရွတ်လေ ပူလေ၊ ရွတ်လေ ပူလေနဲ့ ကားအောက်ကိုပဲ မီးတောက်မီးလျံတွေများ လိုက်လာသလား အောက်မေ့ရတယ်။ ရွာကိုလည်း ရောက်တော့မယ် မိုးကလည်း မရွာသေးဘူး။ ထေရ်ကြီး၊ ၀ါကြီးဆရာတော်ကြီးတွေ အများအပြားလည်း ပါတယ်။ လုပ်ဆောင်ချက်တွေ ဘာများမှာသလဲလို့ စိတ်ထဲမှာ တွေးနေတုန်း ရွာနားလည်း ရောက်ခါနီးနေပြီ။ သဲချောင်းကို ရှေ့ကငါးရံ့မင်းမပါတဲ့ကားက ဖြတ်သွားတယ်။ အဲ့ဒီအချိန်မှာပဲ ချက်ချင်းကြီးဆိုသလို ကောင်းကင်မှာ မိုးတွေအုံတက်လာပြီး သဲကြီး၊ မဲကြီးကို ရွာချတော့တာပဲ။ အတွေ့အကြုံအရဆိုရင် ငါးရံ့မင်း ပင့်ဖိတ်ရွတ်ဖတ်စတင်ပူဇော်ချိန် ရှေ့ခုနစ်ရက်နဲ့ ပူဇော်ပြီးနောက် ခုနစ်ရက်အတွင်းမှာ မိုးရွာသွန်းလေ့ရှိတယ်။ နောက်ခုနစ်ရက်ကတော့ ကြုံတွေ့ရ နည်းပါတယ်။ ငါးရံ့မင်း ပင့်ဆောင်ပူဇော်ရေးနဲ့ မိုးခေါ်လွန်ဆွဲ အကျိုးတော်ဆောင်ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပင့်ဆောင်ပူဇော် တဲ့ ရက်အတွင်းမှာ ငါးပါးသီလ စောင့်ထိန်းပြီးသား၊ ငါးစားခြင်းတွေကို ရှောင်ကြဉ်နိုင်မှ အကျိုးသက်ရောက်စေတယ်။ 'ကတိသစ္စာ၊ တည်သောအခါဝယ်၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏' ဆိုရိုးစကားအတိုင်း ဒီနေရာမှာ တော့ 'သီလသမာဓိ၊ ရှိဘိသစ္စာ၊ ပြည့်စုံပါမှု၊ သဘာဝကို၊ လိုသလိုညွှန်း'နိုင်သည်ဟု ငါးရံ့မင်းရုပ်တုများ ထားရှိရာ ရန်ကင်းတောင်ခြေရှိ ပန်းပေါင်းမုနိ ရုပ်ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ကျောင်းတိုက် ဆရာတော် ဦးဝေပုလ္လက ရှင်းလင်းမိန့်ကြားလေရာ သမိုင်းအစဉ်အလာ ကြီးမြတ်ခြင်းနှင့်အတူ ရိုးရာဓလေ့အယူဆများနှင့် လူသားတို့၏ ဆက်နွှယ်မှုက ကြီးမားလေစွဟု စိတ်ထဲမှာတွေးနေမိသည်။
ဗုဒ္ဓဘာသာမြန်မာတို့၏ ကိုးကွယ်ယုံကြည်မှုတွင် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးသည်သာလျှင် အမြတ်ဆုံး သုံးဆူဖြစ်ပါလေ၏။ သမိုင်းခေတ် ကာလတစ်လျှောက်လုံး ဖြတ်သန်းမှုတွင် သဘာဝဘေးအန္တရာယ် များနှင့် တွေ့ကြုံရလေတိုင်း ဆင်းရဲပယ်ဖျောက်ချမ်းသာ ရောက်စေတတ်သည့် ရတနာသုံးပါးကိုသာလျှင် ဘိုးဘေးအစဉ်အဆက် ဆည်းကပ်ကိုးကွယ် အားထားခဲ့ကြလေသည်။ ရှေးရှေးပညာရှိ သူတော်ကောင်းတို့၏ ထုံးကိုနှလုံးမူ၍ နိုင်ငံသူ၊ နိုင်ငံသားများ ကြုံတွေ့နေရသော မိုးခေါင်၊ ရေရှား အပူဒဏ်လွန်ကဲခြင်းမှ ကင်းစင် လွတ်မြောက်စေရန် သံဃာတော် အရှင်သူမြတ်များ၏ သြ၀ါဒကိုခံယူလျက် ဘုရားအလောင်းတော် ငါးရံ့မင်း ပင့်ဆောင်ခြင်းနှင့် ငါးရံ့မင်းပရိတ် ရွတ်ဖတ်ခြင်း၊ လယ်တီဆရာတော်ကြီး၏ မိုးကမ္မ၀ါ၊ မိုးအမိန့်တော်ပြန်တမ်း ရွတ်ဖတ်ပူဇော်ခြင်း၊ မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ အကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦး ကလည်း''မနှစ်ကတော့ မိုးရွာလိုက်လို့ မလုပ်ဖြစ်လိုက်ဘူး။ ဒီတစ်ကြိမ်နဲ့ဆိုရင် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်မှာ လုပ်ဖြစ်တာ ငါးကြိမ်မြောက် ရှိပြီ။ ဒီနှစ် ရာသီဥတု အရမ်းပူပြီး မိုးခေါင်ရေရှား ကြုံတွေ့ရမှုက ရက်ရှည် လာတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ သက်ရှိသတ္တ၀ါတွေအားလုံး ပူပြင်းခြောက်သွေ့တာကို ခံစားနေရတဲ့အတွက် အခုလို ရိုးရာဓလေ့ပွဲလေးကို စီစဉ်လုပ်ဖြစ်တာပါ။ ဒီပွဲကို ပုသိမ်ကြီးမြို့ပေါ်မှာရှိတဲ့  မြရတနာ၊ မြ၀တီ၊ အောင်သိဒ္ဓိ၊ သီရိရတနာနဲ့ အောင်သုခ ရပ်ကွက်တွေအပြင် အနီးဝန်ကျင်မှာရှိတဲ့ ဇီးချိုကုန်း၊ သစ်ချိုကုန်း၊ ညောင်ပင်သာ၊ ပုသိမ်လေးရွာ၊ ပုဏ္ဏားကုန်း၊ ကြည်ကုန်း၊ မိုင်ကုန်း၊ တဲကုန်း၊ မြို့သာကုန်း စတဲ့ကျေးရွာတွေကလည်း ကျင်းပဖြစ်တဲ့နှစ်တိုင်း လာရောက်ဆင်နွှဲကြတယ်''ဟု ပြောပြလေရာ သူတို့တွေ မျှော်လင့်တောင့်တနေသည့် မိုးစက်တွေ ကမ္ဘာမြေပေါ်သို့ အမြန်ဆုံးဆင်းသက်ရွာပါစေဟု စိတ်ထဲမှာ ဆုတောင်းနေမိသည်။
တဖြည်းဖြည်းနှင့် မိုးခေါ်လွန်ပြိုင်ပွဲကြီးသည် အမျိုးသားများဘက်မှ အနိုင်ရလိုက်၊ အမျိုးသမီးများဘက်မှ အနိုင်ရလိုက်နှင့် တစ်ကြိမ်ပြီး တစ်ကြိမ်ဆင်နွှဲလာခဲ့ကြလေသည်။ မိုးခေါင်ကျော်စွာနတ်မင်းအသွင် ၀တ်ဆင်ထား သည့် ပုဂ္ဂိုလ်သည်ပင်လျှင် ကန်တော့ပွဲကြီးရွက်ကာ ရွက်ကာနှင့် နောက်ဆုံးအကြိမ် ပြိုင်ပွဲအတွက် ပြင်ဆင် စိုင်းပြင်းနေလေတော့သည်။ ကောင်းကင်ကို မော့ကြည့်မိတော့ ရာသီဥတုက တစ်စတစ်စ အုံ့မှိုင်းလို့ လာနေသည်။ မိုသားတိမ်လိပ်တို့ ၀င်ရောက် နေရာယူလာသည်။ မိုးသက်လေအေးများလည်း ချီတက်လာနေသည်ကို ထိတွေ့ ခံစားလိုက်ရသည်။
ငါးရံ့မင်းပရိတ်တရားတော်ကြောင့် မိုးနတ်မင်းကြီး သတိတရားဝင်လာလေသည်လား... မိုးခေါ်လွန်ပွဲကြီးအတွင်းမှ ရဟန်းရှင်လူ၊ ကလေး၊ လူငယ်၊ လူကြီးအရွယ်စုံတို့၏ အော်ဟစ်တိုင်တည် ကြုံးဝါးသံများကြောင့် လန့်နိုးခဲ့လေသလား...။ လွန်ကြိုးကြီးကို ကိုင်ဆွဲထားသည့် ပရိတ် သတ်အပေါင်းသည် နောက်ဆုံးအနေဖြင့် အားပြိုင်လိုက်ကြရာ အမျိုးသမီးများဘက်မှ အနိုင်ရရှိလိုက်သဖြင့် သံချပ်စားသားအချို့ လေထဲ့သို့ ထပ်မံလွင့်ပျံလာခဲ့ရာ''အိမ်ခေါင်းမိုးမှာ မြုံးထောင်မယ်... မိုးရွာတော့မယ် စောင့်မျှော်လိုက်ကြ၊ မိုးခေါင်ကျော်စွာနတ်ဒေ၀ါ... မိုးကမ္မ၀ါစာရွတ် ဖတ်ပါဦး၊ ဗုဒ္ဓမြတ်မော်အလောင်းတော်... ငါးရံ့မင်းခေါ်ပူဇော်ကြစို့...(ဟေ့ မိုးလား... ဟေ့ လေလား...)၊ (ဟေ့ မိုးလား... ဟေ့ လေလား...) မိုးရေရွာတော့တအား...'' ဟု သံပြိုင်အော်ဟစ်သံနှင့်အတူ အမျိုးသမီးများ၏ လက်ခုပ်သံက အနီးဝန်းကျင်ရှိ မန်ကျည်းပင်ထက်မှ အိပ်တန်း ၀င် ဗျိုင်းငှက်တစ်အုပ် အလန့်တကြား ထပျံသွားလေတော့သည်။
Related Posts Plugin for WordPress, Blogger...

ပဲခူးသားလေးဘလော့ မှာလွတ်လပ်စွာရေးသားနိုင်ပါသည်