/* Kp3bloglist Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

မိမိကြိုက်နှစ်သက်ရာ ဆိုဒ် နောက်ခံ အရောင်ပြောင်းပြီးကြည့်နိုင်ပါတယ်

Desktop

Animated Wallpaper Maker 3.1.0 (10.5MB)


ဒီကောင်လေးကတော့ ခေါင်းစဉ်လေးဖတ်လိုက်ယုံနဲ့ သိကြမှာပါ ... အမြဲတမ်းသုံးလို့ရအောင် serial key ထည့်ပေးထားပါတယ် ... မိမိ desktop ကို စိတ်ကြိုက် အလှဆင်နိုင်ဖို့ ပေးထားတဲ့ effect တွေနဲ့ function တွေက တော်တော်ဆုံပါတယ်... အောက်မှာလည်း နမူနာပုံ ထည့်ပေးထားပါတယ် ... အသုံးပြုလိုတဲ့ သူငယ်ချင်းအပေါင်း အောက်ကလင့်မှာ ယူသွားနိုင်ပါတယ် ...

                                                                                                                                 Animated Wallpaper Maker 3.1.0 (10.5MB)
ယူသွားလိုက်နော်...
 jumbofiles

                                                                                        ကိုယ့်ရဲ့ Desktop ကို Gadget အနုအလှလေးတွေနဲ့ အလှဆင်မယ်ဆိုရင်


ဒီတခါတော့ အားလုံးအတွက် အပြောင်းအလဲဖြစ်သွားအောင် တင်နေကျ ဆော့(စ်)၀ဲတွေ နေရာမှာ အနုအရွအလှအပ ဆော့(စ်)၀ဲလေးတွေ တင်မယ်စိတ်ကူးပါတယ်။ ကျနော့် သူငယ်ချင်းများအားလုံးကို Rainmeter ဆော့(စ်)၀ဲလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ Windows 7 မှာ ပါဝင်နေကျ Gadgets တွေက လှတော့လှပါတယ်။ ဒါပေမယ့် မြင်နေကျဆိုတော့လဲ ရိုးတာပေါ့။ အဲဒီ Gadgets တွေနေရာမှာ gadgets အလန်းလေးတွေနဲ့ ကိုယ့်စက်ရဲ့ Desktop ကို အလှဆင်ချင်တဲ့ သူငယ်ချင်းများအတွက် rainmeter ဆော့(စ်)၀ဲလေးရဲ့ အကူအညီကိုလိုပါလိမ့်မယ်။  Rainmeter ဆော့(စ်)၀ဲမရှိသေးတဲ့ သူငယ်ချင်းများ ဒီမှာ ရယူပါနော့်။ ပြီးရင် rainmeter ဆော့(စ်)၀ဲကို ကိုယ့်စက်မှာ install လုပ်ထားရပါ့မယ်ဗျာ။ အသုံးပြုပုံကိုလဲ အောက်မှာ တင်ပေးထားပါတယ်။ 




Start menu က Show hidden icon နှိပ်ပြီး၊ rainmeter icon ကို Right click နှိပ်ပြီး ကိုယ်လိုချင်တဲ့ skin တွေကို ရွေးချယ်ပေးရင် ရပါပြီဗျာ။

windows 8 စတိုင်လေးကို သဘောကျတဲ့ သူငယ်ချင်းများအတွက်ပါဗျာ။ 


 
Ominmo 3.1 skin for Rainmeter (34.3 MB)
Download HERE
ဒီကောင်လေးကလဲ တမျိုးလှတာပဲမဟုတ်လား။
 
WRMZ theme (554KB)
Download HERE
ဒါလေးလဲ လှတာပဲဗျ။ လိုချင်တဲ့ သူငယ်ချင်းများ အတွက်ပါ။
Giga 10 skin (1.8MB)
Download HERE
ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကိုတော့ အကြိုက်ဆုံးပဲ။ အလှဆုံးပဲမဟုတ်လား။ 
speed theme (2.9MB)
Download HERE
ပြောမယ့်သာ ပြောရတာပါ ဒီကောင်လေးကျတော့လဲ သိပ်ဆွဲဆောင်အားကောင်းတယ်။
Razor theme (2.9Mb)
Download HERE
ကဲ ဒီကောင်လေးကတော့ တကယ်ကို အတည်အခံ့လေးနော့။ 
Unity theme (11.6)
Download HERE
ကိုယ်စိတ်ကြိုက်ဖြစ်မယ်ကောင်လေးတွေ ဒေါင်းပြီးပြီ ဆိုရင်တော့၊ အဲဒီကောင်လေးတွေကို RAR ဖိုင်ဖြေပြီးတဲ့အခါမှာ.....C:\Program Files\Rainmeter\Skins  folder အောက်မှာ copy / past လုပ်ပြီး ထည့်ထားလိုက်ရင် ရပါပြီ။ ကဲ သူငယ်ချင်းအားလုံး စမ်းကြည့်ကြပါဦး။ အားလုံး အဆင်ပြေကြပါစေဗျာ။ 

EduIQ Classroom Spy Professional Edition v3.8.6

EduIQ Classroom Spy Professional Edition v3.8.6 | 13.27 MB
ဒီကောင်လေးကတော့ Administrator-PC ကနေပြီး၊ တခြား Client-Pc တွေကို Remote လုပ်နိုင်တဲ့ ကောင်လေးပါ။ အချိန်တဲ့ တပြေးညီ တခြားကွန်ပျူတာတွေရဲ့ Desktop ပေါ်ကမြင်ကွင်းတွေကို စောင့်ကြည့်နိုင်ပါတယ်။ ပြီတော့ ကိုယ့်ရဲ့ ကွန်ပျူတာမှာရှိတဲ့ mouse နဲ့ keyboard ကို သုံးပြီး၊  network ချိတ်ဆတ်ထားတဲ့ တခြားကွန်ပျူတာတွေကို turn off, restart, sleep mode စသည့် လုပ်ဆောင်ချက်များအပြင်၊ တခြား tools များစွာလဲ ပါဝင်မှာ ဖြစ်ပါတယ်။ အသေးစိတ်သိလိုတဲ့ သူငယ်ချင်းများအတွက် ဒီကောင်လေးလုပ်ဆောင်နိုင်တဲ့ Features တွေကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

                                                                          Google.Earth.6.2.2.6613.Final.Multilanguage

Google Earth 6.6.6.6613. Final. Multilanguage (16.64MB)
Google Earth အတွက် နောက်ဆုံးထွက် Version လေးပါ။ လိုအပ်တဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။


                                                                                               WebcamMax.7.6.3.6

WebcamMax.7.6.3.6(27.7MB)

ဒီကောင်လေးက....ကိုယ့်ရဲ့ Webcam လေးနဲ့ တွဲပြီး အသုံးပြုနိုင်မယ့် ကောင်လေးပါ။ အံ့စဖွယ် video effect တွေကို webcam အမျိုးစားအားလုံးမှာ ပေါင်းထည့်ပေးနိုင်အောင်လဲ ဒီဇိုင်းထုတ်ထားပါသေးတယ်။
MSN, ICQ, AIM, Skype, Camfrog, Paltalk, Yahoo Messenger, Vzo စတာတွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကဲ....အသုံးပြုလိုတယ်ဆိုရင်တော့ အောက်မှာ ဒေါင်လုပ်ယူနိုင်ပါပြီ။


                                                                                             Cursor လှလှလေး ပြောင်းသုံးချင်တယ်ဆိုရင် Cursor Fx 2.1


Cursor Fx 2.1 (14.61MB)

ဒီကောင်လေးက အဟောင်းတော့ အဟောင်းလေးပါပဲ။ ဒါပေမယ့် ကျနော်တို့ ဆိုဒ်မှာ မတင်ရသေးလို့ ပြန်တင်းပေလိုက်တာပါ။
ဒီကောင်လေးက ကိုယ့်ရဲ့ Windows Cursor လေးကို အခြားပုံစံလေးတွေ ပြောင်းပြီး အသုံးပြုချင်သူများအတွက် နှစ်ကူးလက်ဆောင်အနေနဲ့ ပေါ့နော်။ Funcy လဲဖြစ်မယ့် Cursor ပုံစံလေးတွေလဲ စုံးမှ စုံပဲလေ။ အသုံးပြုရတာလဲ တော်တော် လွယ်ကူရိုးရှင်းပါတယ်။ ကိုယ့်ရဲ့ windows cursor လေးကို အမြင်ဆန်းဆန်းလေးဖြစ်အောင် ပြောင်းလဲအသုံးပြုချင်တဲ့ သူငယ်ချင်များ အောက်ကလင့်မှာ ဒေါင်လုပ်ရယူပေါ့နော့။

                                                                        StardockObjectDockPlus


 ခု ရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ ဆော့(စ်)၀ဲလေးပါ။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ မိမိကွန်ပျူတာရဲ့ Desktop ကို အလှစင်ဖို့ ၀ါသနာကြီးသူတွေအတွက်ပါ။ အသုံးပြုလိုတဲ့ သူငယ်ချင်းများ အောက်ကလင့်လေးမှာ ဒေါင်းကြပါခင်ဗျ။ ကွန်နက်ရှင် မကောင်းတာရယ်၊ မီးအရမ်းပြတ်နေတာရယ်ကြောင့် အသေးစိတ်မရေးနိုင်တော့လို့ နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ 


 StardockObjectDockPlus +Keymaker(21.58MB)

                                                                                                   Lion skin pack 13.0 (62.11Mb)

 Windows7 theme တွေကို ငြီးငွေ့နေသူတွေအတွက် အပြောင်းအလဲလေးဖြစ်သွားအောင် lion skin park

13.0 ကို တင်ပေးလိုက်ပြီဗျာ။ မိမိရဲ့ ကွန်ပျူတာကို ထူးထူးခြားခြားလေး.အလှဆင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link ကို ကလစ်နှိပ်ပြီး.....
ရယူနိုင်ပါပြီ။ 

Lion skin pack 13.0 (62.11Mb)

                                                                                              Cube Desktop Pro 1.3.1


desktop လေးလှမှကြိုက်တဲ့ သူငယ်ချင်းများ ဒီလို desktop လေးလုပ်ကြည့်မလား ...
Being the most robust multiple desktop software, CubeDesktop solves the desktop clutter problem once and for all. Each virtual desktop is a distinct working environment. The taskbar shows only the applications opened on the current desktop, greatly reducing the clutter.


Cube Desktop Pro 1.3.1 (1.17MB) download

                                                                                          ကွန်ပျူတာ အချိန်ကြာမြင့်စွာ အသုံးပြုရသူများအတွက် F.LUX

F.LUX (548KB)
ဒီကောင်လေးကတော့ ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံးပြုရတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်ဗျာ။ ဒီကောင်လေးက ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါ အရင်ဆုံး ထိခိုက်နိုင်တဲ့ ကိုယ့်ရဲ့ မျက်လုံးကို ဘေးမသီရန်မခအောင် ကာကွယ်မူပေးနိုင်တဲ့ ဆော့(စ်)၀ဲလေးပါပဲ။
ဟိုအရင်တုန်းကတော့ ကွန်ပျူတာရဲ့ တောက်ပတဲ့ အလင်းရောင်တွေကို ကာကွယ်ဖို့အတွက် အလင်းအားလျှော့ချပေးတဲ့ Glass တွေကို တပ်ဆင်အသုံးပြုခဲ့ရတာပါ။ ဒီကောင်လေးက အဲဒီGlass တွေနေရာမှာ အပြည့်အ၀ အစားထိုးနိုင်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူပါတယ်။ Setting ကိုလဲ ကိုယ်လိုသလို ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။ ဒီကောင်လေးက နေ့ဘက်၊ညဘက် အချိန်တွေနဲ့ ချိန်ဆက်ပြီး အလုပ်လုပ်မှာ ဖြစ်တာကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာက အချိန်ကို ကိုယ်တည်ရှိနေတဲ့ Location အတိုင်း ထားပေးဖို့ပဲလိုတာပါ။ အဲဒီ နေထွက်၊ နေ၀င်ချိန်တွေလိုက်ပြီး သင့်တင့်လျောက်ပတ်တဲ့ အလင်း၊ အမှောင်ကို ချိန်ညှိပေးမှာဖြစ်ပါတယ်။  ပြီတော့ ကိုယ်အသုံးမပြုလိုတော့တဲ့အခါမျိုးမှာ Disable လုပ်ထားလို့ရပါတယ်။ LED Screen လို အလွန်တောက်ပတဲ့ Screen ကို အသုံးပြုတဲ့ သူငယ်ချင်းများအတါက် အထူးသင့်လျော်ပါတယ်။ ကဲ...သူငယ်ချင်းများ...စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။ အားလုံးအဆင်ပြေပါစေ။

                                                                                         Desktop ကို Backup နဲ့  Restore လုပ်မယ်

Desktop က အရာများကို Backup လုပ်ပေးတဲ့ဆော့ဖ်ဝဲ ဖြစ်ပါတယ်..
Desktop မှာရှိသော Icons များ၊File များ၊Background,Screen Saver စသည်တို့ ကို  ဒီဆော့ဖ်ဝဲဖြင့် Backup လုပ်ထားလို့ရပါတယ်။
မိမိရဲ့စက်ကို မိမိမရှိတဲ့အချိန် တစ်ယောက်ယောက်က သင့် Desktop setting များကို ပြင်သွားသည့်တိုင် ဒီဆော့ဖ်ဝဲဖြင့် သင့်မူလက Desktop ကိုပြန်ရယူနိုင်မှာဖြစ်ပါတယ်။

Desktop ကို Backup မလုပ်ခင် အရင်ဆုံး သင့်စိတ်ကြိုက် ပြင်ဆင်ထားလိုက်ပါ။
ဥပမာ-Icon size,wall paper,screen saver,arrange by name စသည်ဖြင့် စိတ်ကြိုက်ပြင်ထားလိုက်ပါ။

ရပြီဆို Install လုပ်ပြီးသား 1st Desktop ကို ဖွင့်
ပြီးရင် Save လုပ်လိုက်ပါတော့..
နောက်တစ်ခုရှိသေးတယ်ဗျ password လည်းခံထားလို့ရပါသေးတယ်။ save လုပ်တဲအခါမှာလည်း ဖိုင်ဆိုက် အရမ်းကြီးတဲ့ သီချင်းတို့ ဗီဒီတို့ပါရင် ဖျက်ခိုင်းပါလိမ့်မယ် အဲဒါတွေကို ဖယ်ပြီးရင် continue ဆက်သွားလိုက်ပါ။ တစ်ယောက်ယောက်ကပြောင်းသွားလို့ ပြန်လိုချင်ရင် သိမ်းထားတဲ့ save ဖိုင်ကို ရွေးပြီး Load ကိုနှိပ်လိုက်ရုံပါပဲ။ အဲလောက်ဆို သူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။

                                                                                              Desktop Icon Toy Software Free Download



ဒီကောင်လေးကတော့ Desktop ပေါ်က Icon ပုံလေးတွေကို အလှဆင်နည်း တမျိုးပါပဲ..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ရင် ရပါပြီ.. Desktop က Icon လေးတွေကတော့ Ipad လိုလို စတိုင်လေး ဖြစ်သွားပါလိမ့်မယ်..။ အောက်မှာလည်း ပုံလေးနဲ့ ပြထားပါတယ်..။ Desktop က ပုံလေးတွေကတော့ မောက်စ်မျှားလေးနဲ့ ထိလိုက်ရင် တုန်သလိုလို၊ ခုန်သလိုသလို၊ ဖြစ်သွားပါတယ်..။ မောက်စ်မျှား လေးမထိရင်တော့ အိုင်ကွန်ပုံ အောက်က စာသားတွေပါ ပျောက်နေပါလိမ့်မယ်..။ Desktop ပေါ်က Icon လေးတွေကို အလှဆင်ချင်တဲ့ သူများ အတွက်ပါ..။ သုံးကြည့်ချင်တယ်ဆိုရင် အောက်ကလင့်တွေကနေ ဒေါင်းယူကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 691 kb ပဲရှိပါတယ်..။



Ifile

Desktop icon ပြောင်းတဲ့ XUS desktop v1.8.77

                                                                                                                                                                         ဒါကတော့ desktop က folder တွေနဲ့ ဖိုင်တွေ software တွေကို ဒီဇိုင်းပြောင်းတဲ့ desktop icon ကိုပြောင်းတဲ့ software ပါ. သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကဲအားလုံးပဲ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်. အထဲမှာ ထည့်ဖို့ keygen ပါ ထည့်ပေးထားပါတယ်. လိုချင်ရင် download လုပ်လိုက်ပါ. စက်လေးခြင်းဘာခြင်း မရှိပါဘူး. ပေါ့ပေါ့ပါးပါး software ဖြစ်ပါတယ်. ကဲအောက်မှာ ယူလိုက်ကြပါ။

ifile.it | Mediafire | Minus
Related Posts Plugin for WordPress, Blogger...

ပဲခူးသားလေးဘလော့ မှာလွတ်လပ်စွာရေးသားနိုင်ပါသည်