/* Kp3bloglist Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

မိမိကြိုက်နှစ်သက်ရာ ဆိုဒ် နောက်ခံ အရောင်ပြောင်းပြီးကြည့်နိုင်ပါတယ်

June 8, 2012

 မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေ


မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။
ညနေ ၄ နာရီ ၁၅  မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ညနေ ၄ နာရီ ၃၀ မိနစ်
မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။
ညနေ ၄ နာရီ ၄၀ မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။
ညနေ ၄ နာရီ ၅၀ မိနစ်
မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။
ညနေ ၅ နာရီ ၂၀ မိနစ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ညနေ ၅ နာရီ ၄၅ မိနစ်
လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။

လက်ပံတောင်းတောင်ရှိ မြန်မာ-၀မ်ဘို ကြေးနီသတ္တုစီမံကိန်းမှ စွန့်ပစ်မြေများ စုပုံခြင်းအတွက် ယာမြေပိုင်ရှင်တောင်သူများက ဆန္ဒပြ

AddThis Social Bookmark Button
၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှ မြေကားများဖြင့် မြေစာများယာ မြေများတွင် စွန့်ပစ်ခြင်းကို ဆည်တည်းနှင့် ၀က်မှေးရွာများမှ တောင်သူများက ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းအတွက် တောင်ဖြိုရာမှရရှိလာသော စွန့်ပစ်မြေများကို ကျေးရွာသူရွာသားများပိုင်သော မြေယာများ စိုက်ခင်းများတွင် လာရောက်စွန့်ပစ်ရာမှ ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

''မြေယာလျော်ကြေးဆိုတာ သုံးနှစ်စာပဲ လျော်တယ်။ စွန့်ပစ်မြေတွေ လာပစ်တာက မြေယာတွေပျက်စီးတာ နှစ်ပေါင်းများစွာ ဖြစ်ရတာပဲ။ ရွာနားမှာရှိတဲ့ ယာတွေမှာ မြေလာပုံတော့ ရွာကထွက်တားတယ်။ မရဘူး။ ဒါကြောင့် ရွာသားတွေက ဇွန်လ ၂ ရက် မနက် ၁၀ နာရီလောက်က နေစထွက်ပြီး လက်ပံတောင်းတောင် တရုတ်ဆိုက်အထိ သွားပြီး ဆန္ဒပြမှုတွေ ဖြစ်ရတာပဲဖြစ်တယ်။ ရွာအနေနဲ့ တောင်းဆိုချင်တာကတော့ သုံးနှစ် စာလျော်ကြေးပေးပြီး လာရောက်စွန့်ပစ်တဲ့ စွန့်ပစ်မြေပုံတာတွေ ရပ်ဖို့၊ ရွာပိုင်တဲ့ ယာမြေတွေထဲမှာ အဆောက်အဦတွေ မဆောက်ဖို့၊ ရွာမှာချိပ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းကို ပြန်ဖွင့်ပေးဖို့၊ ရွာကို ရွှေ့မပေးဖို့နဲ့ ရွာကကလေးငယ်တွေ ပညာသင်ပေးဖို့ မူလတန်းကျောင်းရွှေ့သွားတာကို ရွာမှာ ကျောင်းပြန်စီစဉ်ပေးဖို့တို့ပဲ ဖြစ်ပါတယ်။ တရုတ်ဆိုက်မှာ ဇွန်လ ၂ ရက်ညနေပိုင်းအထိ ညှိရာမှာ စွန့်ပစ် မြေမပုံဖို့ ပြောတာကို မရဘူးဖြစ်နေတယ်''ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။
ဇွန်လ ၄ ရက်နေ့တွင် ရွာသားများ၏ တောင်းဆိုချက်များအနက်မှ စွန့်ပစ်မြေများစုပုံခြင်းအား ယာယီရပ်ဆိုင်းပေးထားမည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်းနှင့် မရွှေ့ပြောင်းရသေးသည့် နေအိမ်များအား ညှိနှိုင်းနေစဉ်ကာလအတွင်း ရွှေ့ပြောင်းခြင်းမပြုရန် ခေတ္တသဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

June 1, 2012

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ

 
ဒီနေ့တော့ အများသိသင့်တဲ့ ဘာသာရေးအကြောင်းလေးတခုကို တင်ပြပေးချင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားတာပါ။မူရင်းဆိုဒ်ကဒီမှာပါ။ ကျွန်တော် သိမ်းထားတာတော့ အတော်လေးကြာပါပြီ။ ဒီနေ့ ဗဟုသုတ အဖြစ်တင်ပေးလိုက်ပါတယ်။ အောက်မှာ ပါတာတွေက အကျဉ်းတွေပါ။ ဘာလို့ အကျဉ်းလို့ ပြောလည်းဆိုရင် အဘိညာဏ်ရ ဒေဝီလရှင်ရက သိဒ္ဓတ္ထမင်းသားငယ်ကို မြင်တဲ့ အချိန်မှာ ငိုချင်း ရယ်ချင်း နှစ်မျိုးကို ပြုပါတယ်။ ဒီလိုအပိုင်းတွေမပါပါဘူး။ ဒီထက် အကျယ်ရှင်းထားတာရှိပါတယ်။ အဆင်ပြေရင် အကျယ်ကို တင်ပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်။ ခုရက်ပိုင်းတွင်း စိတ်ညစ်တာတွေများနေတာနဲ့ စာမရေးဖြစ်ဘူး။ ဒါကြောင့် ကျွန်တော့  google Doc မှာ ရှိတဲ့ စာလေးတွေကို တင်ပေးလိုက်တာပါ။ ဒီပိုစ်မူရင်းရေးသားသူကိုတော့ သေချာ မသိပါ။ ဒါပေ့မယ်။ သူငယ်ချင်းများနေ့ ဆိုဒ်မှာတော့ ဖော်ပြပေးထားပါတယ်။ မူရင်းရေးသားသူကို အထူးပဲ့ ကျေးဇူးတင်ပါတယ်။ 
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏


တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။
စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။

ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။

အောက်ကတော့ မူရင်းပိုစ့်တိုင်းပါပဲ့ စာလုံးဖောင့်တွေ ပြန်ညှိပေးထားတာကလွဲလို့ ကျန်တာ ပြင်ဆင်ထားတာ မရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
 
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
  
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
 

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
 

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ


ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ


ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ


အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း



အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း


အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း


အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ


နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။


ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ


အာဠာရ၊ဥဒကရသေ့နှစ်ဦးတို့၏ ဈာန်သမာပတ်များသည် မသေရာ အမြိုက်နိဗ္ဗါန်ကိုရောက်နိုင်သည်မဟုတ်ဟု သိမြင်တော်မူပြီး မိမိလန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင့်နိုင်ရန် ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် မှားယွင်းစွာ ကျင့်တော်မူပုံ


ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
 


ဘုရားအလောင်းတော်ရဲ့ ချက်တော်မှ မြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ။ အရပ်လေးမျက်နှာမှ ပျံသန်းလာသော ညို၊နီ၊ရွှေရောင် ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ ဖြူဆွတ်သွားပုံ။ကိုယ်လုံးဖြူပြီး ဦခေါင်းမဲးသောပိုးရွများ ဒူးခေါင်းအထိ တက်လာကြပုံ။ မစင်အညစ်အကြေးများရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ လူးလည်းပေကျံမူ မရှိပုံတိုကို အိမ်မက် မြင်မက်တော်မူပုံ


ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ


မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...

ပဲခူးသားလေးဘလော့ မှာလွတ်လပ်စွာရေးသားနိုင်ပါသည်